မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်

မိုင်းတုံ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး  Mask  Campaign ပြုလုပ်၍ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့မဈေးသို့ ဈေးရောင်း၊ဈေးဝယ်လာသူများ၊ မြို့လယ်ပန်းခြံလမ်းဆုံမှ ဖြတ်သန်းသွားလာသူများနှင့် နောင်ပါရင် ရပ်ကွက်တွင်  သွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုယ်ဗစ်- ၁၉ ရောဂါကြိုတင်ကာ ကွယ်ထိန်းချုပ်နိုင် ရေးအတွက် နေအိမ်တွင်နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရပါက Mask တပ်ဆင်သွားလာကြရန် အသိပညာပေးပြီး Mask (၉၀၀)ခုကို အခမဲ့ဖြန်‌ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးရေးစောင့် ရှောက်ရေးအသင်းနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)