မိုင်းစံမြို့ အဝင်/အထွက် ကျန်းမာရေး စစ်ဆေးရေးဂိတ်အား တာဝန်ရှိသူများမှကွင်းဆင်းကြည့်ရှု

 

မိုင်းစံ နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံ​မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးတို့အတွက် မြို့အဝင်/အထွက်ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ကာလိ၊ မိုင်းစံ၊မိုင်းရှူး၊ သွားလမ်းဆုံ တွင်ဖွင့်လှစ်​ထားရှိဆောင်ရွက်နေမှုအပေါ် ယနေ့ နေ့လည် ၁ နာရီခွဲအချိန်က မိုင်းရှူးမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးစိုးမင်းထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး​နှင့် တပ်ဖွဲ့ဝင်များသည် မိုင်းစံမြို့ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှု့ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာ၌ ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးပူးပေါင်းအဖွဲ့ ဆောင်ရွက်လျက်ရှိသော ဖြတ်သန်းသွားလာလျှက်ရှိသည့်ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း ၊  ကျန်းမာ ရေး စစ်ဆေး​ပေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းယူခြင်း၊ အပြင်ထွက်တိုင်းmask တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်နေမှုအပေါ် ကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များ၊ အခက်အခဲများရှိပါက ပြောကြားကြရန်နှင့် တတ်နိုင်သမျှ ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး နောက်မိုင်းစံမြို့တွင်ပြင်ဆင်ထားရှိသော  ​Quarantine Center များ သို့ လှည့်လည်ကြည်ရှု့ခဲ့ပြီး လိုအပ်သည်များ ဆက်လက် လမ်းညွှန်မှာကြားသွားခဲ့ကြောင်း သိရှိရသည်။

ခင်ချို (ပြန်/ဆက်)