ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံနှံ့မှုမရှိစေရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မိုင်းနောင်   နိုဝင်ဘာ    ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များနှင့် ပျံကျစျေးများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ လှည့်လည် အသိပေးနှိုးဆော်ခြင်းများ ကို ယ နေ့နံနက်(၆)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မိုင်းနောင်မြို့အတွင်းရှိ တိုင်းရင်းသားပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် အတွက် မိမိနေအိမ်တွင်သာ Stay Home နေထိုင်ရန်၊ နေအိမ်ပြင်ပသို့မဖြစ်မနေ ထွက်ခွာရပါက (mask)တပ်ဆင်ရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လူစည်ကားသည့်နေရာများသို့ သွားလာခြင်း မပြုရန်၊ အပြင်မှ ပြန်လည်ရောက်ရှိပါက စက္ကန့်(၂၀)လက်ဆေးရန် စသည်များကို အသိပေးနှိုးဆော်ခဲ့သည်။

ဆက်လက်၍ ပျံကျစျေးအတွင်း စျေးရောင်း၊ စျေးဝယ်များ (mask) တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊(mask) တပ်ဆင်ပြီး မှသာ စျေးအတွင်းဝင်ရောက်စေခြင်း ၊(mask)တပ်ဆင်ခြင်း မရှိသူများကို (mask) များ အခမဲ့ဖြန့်ဝေခဲ့ပါကြောင်း သိရသည်။

မိုင်းနောင်(ပြန်/ဆက်)