ငွေဆောင်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် (MCCT)အရ စာရင်းကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်

ငွေဆောင်    နိုဝင်ဘာ    ၂၀

ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်()နှစ်အောက် ကလေးငယ်များအား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ် (MCCT)အရ စာရင်းများကို သက်ဆိုင်ရာ ရပ်/ကျေးစာရေးများက ယမန်နေ့မှစ၍ ကွင်းဆင်းကောက်ယူခြင်းများ ဆောင်ရွက် လျက်ရှိသည်။

အဆိုပါ စာရင်းပေးသွင်းရာတွင် ကိုယ်ဝန်ဆောင်ဖြစ်ပါက ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု မှတ်တမ်းနှင့် ကိုယ်ဝန်ဆောင်၏ မှတ်ပုံတင်၊ ကလေးဖြစ်ပါက ကလေးမွေးစာရင်း (သို့မဟုတ်) ကာကွယ်ဆေးထိုး မှတ်တမ်းနှင့် ကလေးမိခင်၏ မှတ်ပုံတင်ယူဆောင်လာရမည်ဖြစ်ပြီး သတ်မှတ်အချက်အလက်များ ပြည့်စုံပါက တစ်လလျှင် (၁၅,၀၀၀/)ကျပ်နှုန်းဖြင့် ()လတစ်ကြိမ်(၄၅,၀၀၀/) ကျပ်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)