ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မိုင်းရယ်စည်ပင်မှ Mask များ လိုက်လံဝေငှခြင်းနှင့် သတိပေးနှိုးဆော်ခြင်းများပြုလုပ်

မိုင်းရယ်    နိုဝင်ဘာ   ၂၀

မိုင်းရယ်မြို့နယ်အတွင်း ဈေးနေ့များတွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် မိုင်းရယ်မြို့နယ် စည်ပင်သာယာ ရေး ဌာနမှ ယမန်နေ့ နံနက်(၇)နာရီက မြို့မစျေးကြီး အတွင်းနှင့် ယာယီပျံကျစျေးများတွင် Mask များ လိုက်လံဝေငှပေးခဲ့သည်။

ယင်းနောက် မြို့နယ်အမှုဆောင်အရာရှိ ဦးသိန်းစိုးဦးဆောင်သည့်   မိုင်းရယ်မြို့နယ် စည်ပင်သာယာရေးဌာနမှ  ဝန်ထမ်းများက ဈေးရောင်းချသူ ၊ ဈေးဝယ်သူများအား Mask များ စနစ်တကျတပ်ဆင်ကြရန်နှင့် လိုက်နာမှုမရှိပါက သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်