နွားထိုးကြီးမြို့တွင် စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိစစ်ဆေး


နွားထိုးကြီး၊ နိုဝင်ဘာ ၂၀

နွားထိုးကြီးမြို့တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ မြို့နယ်တာဝန် ရှိသူများက ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရှိ ပါဆယ်စနစ်ဖြင့်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လက်ဆေးရေထား ရှိခြင်းရှိ/မရှိ ဆိုင်ပိုင်ရှင် များ နှာခေါင်းစည်းတပ်ဆင်ခြင်းရှိ/မရှိ၊ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိကိုဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိ ရသည်။
နွားထိုးကြီးမြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်ကျန်းမာရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စံသတ်မှတ်ချက်များ နှင့်အညီ သန့်ရှင်းသပ်ရပ်စွာဖြင့်စနစ်တကျရောင်းချနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည် များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်