မိုင်းဆတ် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်/ထွက် ဂိတ်တွင် နေ့စဉ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့က ဖြတ်သန်းသွားလာသော ခရီးသွားပြည်သူ(၁၃၆) ဦးတို့ အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များ စစ်ဆေး၍ မှတ်တမ်း ရယူခြင်း၊ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံချက်ပါ၊ မပါစစ်ဆေးခြင်းနှင့် သက်ဆိုင်ရာ ရပ်/ကျေး ထောက်ခံချက်များ ပါ/မပါ စစ်ဆေးခြင်းများ ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကော်မတီ ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နေ့စဉ်နံနက်(၆)နာရီမှ ည(၁၀)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး သံသယလူနာ စစ်ဆေးတွေ့ရှိခြင်း မရှိကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)