နမ့်ဆန်၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်

နမ့်ဆန်   နိုဝင်ဘာ   ၂၀

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် (၆)နာရီက လမ်းဆုံလမ်းခွနှင့် နံနက်ခင်းဈေးတို့တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့ယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မရှိစေရေး အကောင်းဆုံး ကြိုတင်ကာကွယ်မှုပေးနိုင်သည်မှာ လူတိုင်း Mask တပ်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် နမ့်ဆန်မြို့နယ်အတွင်းရှိ ပြည်သူများ mask တပ်ခြင်း၏ အကျိုးကျေးဇူးကို သိရှိ၍ အပြင်ထွက်တိုင်း မဖြစ်မနေ Mask တပ်ပြီးမှ သွားလာကြရန် နှိုးဆော်သည့်အနေဖြင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့က ဦးဆောင်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများက လမ်းဆုံလမ်းခွနှင့် နံနက်ခင်းဈေးတို့တွင် Mask Campaign ပြုလုပ်ပြီး ပြည်သူများအား mask များအခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။ ထို့ပြင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ် တားဆီးရေးအတွက် ပညာပေးနှိုးဆော်ခြင်းကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)