မိုင်းရယ်မြို့ တက်ဆိုက်ကျေးရွာတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

မိုင်းရယ်    နိုဝင်ဘာ   ၂၀

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် (၉) နာရီ က နားဖျိုင်းကျေးရွာအုပ်စု၊ တက်ဆိုက် ကျေးရွာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာ က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အမျိုးသမီးများ၏ ဘ၀လုံခြုံစေရေးအတွက် သိကောင်းစရာများကို ဆွေးနွေး ဟောပြော သည်။ ယင်းနောက် တက်ဆိုက်ကျေးရွာရှိ ပြည်သူများအား နယ်လှည့်စာကြည့်တိုက်အဖြစ် သုတ/ရသ စာအုပ် စာစောင်များအား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နယ်လှည့်စာ ကြည့်တိုက်များ၊ အသိပညာပေး ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ အသိပညာပေး Talk show များကို ဌာနဆိုင်ရာများ၊ NGO အဖွဲ့ဖြစ်သည့် Network Activities Group (NAG) တို့နှင့် ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)