တန့်ယန်း နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်း Mask Campaign ကို ယနေ့နံနက် ၁၀ နာရီ က ဝိန်းလောင်းတံတားထိပ်၌ အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျှက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အတွက် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးကော်မတီမှ ဌာန ဆိုင်ရာများ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် တားဆီးရေး အတွက် လမ်းညွှန်ချက်များနှင့်အညီ အိမ်အပြင်ထွတ်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာနိုင်ရေး အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း မတပ်ဆင်သူများအား ဒဏ်ငွေပေးဆောင်စေခြင်း Mask Campaign ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)