မိုင်းတုံ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် စဉ်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မြို့ဝင်၊ မြို့ထွက် ဂိတ်(၃)ဂိတ်မှ ယမန်နေ့ ညနေ ၆ နာရီအထိ ဖြတ်သန်းသွားလာသောကား (၁၁၆) စီးမှ ခရီးသွားပြည်သူ (၂၅၂)ဦးတို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန် အသိပညာပေးခြင်း၊ ကိုယ်ပူချိန် တိုင်းတာစစ်ဆေး ခြင်း၊ Test Kitဖြင့်စစ် ဆေးခြင်းနှင့် ခရီးသွားရာဇဝင်များ စစ်ဆေး၍ မှတ်တမ်းရယူခြင်း၊ သက်ဆိုင်ရာ ရပ်/ကျေး ထောက်ချက်ပါရှိ၊ မပါရှိစစ်ဆေးခြင်း များ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ဆောင်ရွက်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နေ့စဉ် နံနက်(၆)နာရီမှ ည(၉)နာရီထိ အလှည့်ကျ တာဝန်ချစနစ်ဖြင့် စောင့်ကြည့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
ဝင်းဝင်းခိုင် (ပြန်/ဆက်)