ဆီဆိုင် နိုဝင်ဘာ ၂၀
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်ကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီ က Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွဋ်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ လူအသွားအလာများသော ဆီဆိုင်မြို့မဈေးရှေ့၊ တောင်ဘက်ငြိမ်း ချမ်းမိုးကားဂိတ်ရှေ့လမ်းဆုံနှင့် နောင်ကျောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာ အခြေခံပညာအထက် တန်းကျောင်းရှေ့တို့တွင် အဖွဲ့(၃)ဖွဲ့ခွဲ၍ လမ်းသွားလမ်းလာပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ်လာ ပြည်သူများတို့အား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် Mask တပ်ဆင်ခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ခွန်ရဲထွေး(ဆီဆိုင်)