ဟိုပုံး နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် (၈) နာရီအချိန် က စတင်၍ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးရှေ့နှင့် လမ်းဆုံတွင် Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးဝယ်သူများနှင့် လူသွားလာဖြတ်သန်းမှုများသည့် လမ်းမများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လူတိုင်းပါးစပ်နှင့် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်အသုံးပြုရန်နှင့် ရောဂါ ကူးစက်ပြန့်ပွားမှုကို သိသာစွာကျဆင်းစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လမ်းသွားလာပြည်သူများနှင့် ဈေးဝယ်သူ များ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များ အသိပညာပေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေလင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမားရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လျက် Mask (၄၀၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)