သီပေါ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ် ပြဘုတ်နှင့် သီးသန့်ပြဘုတ်တို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်ခန့် က အသစ်လဲလှယ်ပြသ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်နှင့် လိုက်နာကျင့်သုံး တတ်စေရန်အတွက် ကိုဗစ်−၁၉ရောဂါနှင့် ပတ်သက်သည့် နှာခေါင်းစည်း (Mask)ကို အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ နှာချေချောင်းဆိုးသည့် အခါတိုင်းလိုက်နာရမည့်အချက်များ၊ စနစ်တကျလက်ဆေးနည်း လမ်းညွှန်ချက် များ၊ ကိုဗစ်−၁၉ ထင်မြင်ယူဆချက်များ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်များ၊ လူကုန်ကူးမှုနှင့်ပတ်သက်သော သိသင့်သိထိုက်သည့် အကြောင်းအရာများကို အလူမီနီယံ မြေစိုက်နံရံကပ် ပြဘုတ်တွင် ပြသဆောင်ရွက်ထားရှိသည်။
ထို့အပြင် သီးသန့်နံရံကပ်ပြဘုတ်များဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်သည့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားပါက ပြတတ်သောရောဂါ လက္ခဏာများ၊ (HPV) ကာကွယ်ဆေးကို ထိုးနှံသင့်သည့် အသက်အပိုင်းအခြားများ၊ ရောဂါ မဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများ၊ မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနိုင်စေရန်အတွက် လိုက်နာ ဆောင်ရွက်ရမည့် အချက်များ၊ အပေါ့စားမီးသတ်စက်များ၊ မီးသတ်ရေကန်များ၊ မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများ အသင့်ထားရှိကြရန်နှင့် ဆောင်ရန်/ရှောင်ရန်များ စသည်တို့ကို ကဏ္ဍအလိုက် လမ်းသွား၊လမ်းလာပြည်သူများ ကြည့်ရှု လေ့လာ နိုင်စေရန် ပြသထားကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)