တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

တံတားဦး နိုဝင်ဘာ  ၂၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ  ဝန်ထမ်းများသည် ယနေ့နံနက်(၁၀)အချိန်က တံတားဦးမြို့ပေါ် ရပ်ကွက်များတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်၍ ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများ သိရှိနိုင်စေရန်နှင့် ပြည်သူများ အနေဖြင့် ရောဂါကြိုတင်ကွယ်နိုင်ရန် မလိုအပ်ပါက နေအိမ် ပြင်ပထွက်ခွာခြင်းမပြုလုပ်ကြရန် ၊ မဖြစ်မနေ သွားလာရမည်ဆိုပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြောရန် ၊ လူ(၃၀)ဦးထက်ပို၍ လူစုလူဝေး များမပြုလုပ်ကြရန် ၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေအကွာမှ ပြောဆိုနေထိုင်ကြရန် အစရှိသည့် တို့ကိုအသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် အသိပေးခဲ့ ကြောင်းသိရသည်။
တံတားဦးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင်  Community Based Facility Quarantine၌  ရန်ကုန်ပြန် (၁၀)ဦးရှိကြောင်းလည်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)