ကျောက်မဲ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask Campaign ကို ယနေ့နံနက် ၇ နာရီအချိန် က လူစည်ကားရာနေရာများဖြစ်သည့် မင်္ဂလာဈေးနှင့် အခွန်လွတ်ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ကို ကျောက်မဲခရိုင် အမှတ် ၁၂၄ ယာဉ်ထိန်းတပ်ဖွဲ့စု၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများရန်နည်းလမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်၍ မင်္ဂလာဈေးနှင့် အခွန်လွတ် ဈေးရှိ ဈေးသူ/ဈေးသားများနှင့် ဈေးဝယ်သူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေအိမ်ပြင်ပထွက်ပါက စနစ်တကျ ပါးစပ်နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရန် အသိပညာပေးဆွေးနွေးပြီး လူတစ်ဦးလျှင် ပါးစပ်နှင့်နှာခေါင်းစည်း (surgical masks) ၅ ခုစီ အခမဲ့ဝေမျှခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက မော်တော်ဆိုင်ကယ် စီးနှင်းလာသူများအား ဆိုင်ကယ်ဦးထုပ်ဆောင်းရန်၊ နောက်ကြည့်မှန်တပ်ဆင်ရန်၊ နေ့ည အချိန်တိုင်း ရှေ့မီးအနှိမ့် ထွန်းရန် စသည့် လမ်းစည်းကမ်း ယာဉ်စည်းစည်းဆိုက်များကိုလည်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ယာဉ်ထိန်းဒုတိယရဲမှူး ဦးဝေးလင်းနိုင်၏ ပြောပြချက်အရ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)