စဉ့်ကိုင် နို၀င်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ကို ယနေ့ နံနက်(၁၀)နာရီက ပြသခဲ့ကြောင်းသိရသည်။
အဆိုပါအသိညာပေး နံရံကပ်စာစောင်တွင် တရားမျှတမှုရရှိရေး ပြစ်ဒဏ်ကင်းလွှတ်ခွင့်များ ရပ်တန့်ပေး ဆောင်ပုဒ်များ၊ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ချက်များ၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုအပေါ် ကာကွယ်ပေး သော ဉပဒေများ၊ ကိုဗစ်−၁၉ကာလအတွင်း အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှုများ စသည့်အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားကြောင်းသိရသည်။
ထို့ပြင် ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် အသိပညာပေးနှိုးဆော်စာများ၊ မီဒီယာနှင့်သတင်းအချက် အလက် များ သိရှိနားလည်မှုရှိသော မိဘ၊အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာ နည်းလမ်းများကိုလည်း မိဘပြည်သူများသိရှိလေ့လာနိုင်စေရန်အတွက် မြေစိုက်နံရံကပ်ပြဘုတ် တွင် ပြသဆောင်ရွက်ထား ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင် ပြန်/ဆက်)