မတ္တရာမြို့နယ် ကိုဗစ် - ၁၉ ရောဂါစစ်ဆေးရေးဂိတ်မှ ပိုးတွေ့လူနာတစ်ဦး ရောဂါ သက်သာပျောက်ကင်းပြီဖြစ်၍ ဆေးရုံမှဆင်းခွင့်ရ

မတ္တရာ နိုဝင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးဂိတ်တွင် ရောဂါပိုးစစ်ဆေးတွေ့ရှိသဖြင့် ပြည်သူ့ဆေးရုံတွင် ကိုဗစ် - ၁၉ ရောဂါ အတည်ပြု လူနာအဖြစ် တက်ရောက်ကုသမှုခံယူနေသော စဉ့်ကိုင်မြို့မှ အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ရောဂါသက်သာ ပျောက်ကင်းပြီဖြစ်၍ ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

မတ္တရာမြို့(ဒင်္ဂါးချောင်း) ကိုဗစ် - ၁၉ ရောဂါ ပြန့်ပွားမှုကာကွယ်ထိန်းချုပ်ရေး စစ်ဆေး ရေးဂိတ်မှ ရောဂါပိုးတွေ့ရှိသူ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ၊ အခြားထိစပ်မှုများမှ ရောဂါပိုးတွေ့ရှိခဲ့သူများအား ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်ကုသမှု ပေးလျက်ရှိရာ ယနေ့အထိ (၇) ဦးမှာ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိပြီဖြစ်သည်။

မတ္တရာပြည်သူ့ဆေးရုံတွင် ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာ ၈ ဦးအား ဆက်လက် ကုသစောင့်ကြည့်နေပြီး လူနာအားလုံးမှာ ကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)