မိုင်းပျဉ်း နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မစျေး၊ ယာယီပျံကျစျေးနှင့် လူသွားလူလာမှု များပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက် ၆နာရီခွဲ ကစတင်၍ Mask Campaign ကိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် စျေးဝယ်သူများနှင့် စျေးသည်များ၊ လူသွားလာဖြတ်သန်းမှုများသည့် လမ်းဆုံများတွင် ပါးစပ်နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့် ဝေပေးကာ လမ်းသွားလမ်းလာပြည် သူများနှင့် စျေးသည်များအား ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များ၊ သိရှိလိုက်နာဆောင် ရွက်ရမည့်အချက်များကို အသိပညာပေးပြောကြားသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းစိုးဟိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦး စီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် တာဝန်ရှိသူတို့ပူးပေါင်းလျှက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို ဆောင်းဘောက်(စ်)ဖြင့်ဖွင့်လှစ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မေမွန်ထွဋ် (ပြန်/ဆက်)