မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ဈေးဆိုင်များ သတ်မှတ်ချိန်များအတိုင်း ဖွင့်လှစ်ရောင်းချနိုင်ရေး အသိပေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်

မော်လမြိုင်ကျွန်း   နိုဝင်ဘာ   ၂၀

မော်လမြိုင်ကျွန်းမြို့နယ် စည်ပင်သာယာအဖွဲ့ပိုင်ဈေးများအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ လက်ဘက် ရည်ဆိုင်များနှင့် လမ်းဘေးဈေးဆိုင်များအား သတ်မှတ်  စည်းကမ်းများနှင့်အညီရောင်းချခြင်း ရှိ/မရှိ၊ သတ်မှတ်ပိတ်သိမ်းရမည့်အချိန်များတွင် ပိတ်သိမ်းခြင်းများ လိုက်နာမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ် နံနက်၊ နေ့လယ်၊ ညပိုင်းများတွင်စစ်ဆေး ကြပ်မက်ဆောင်ရွက် လျက်ရှိသည်။

ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့်  မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မျာမှ  မြို့နယ်အတွင်းရှိ ဈေးဆိုင်များ အား  ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အတွက်  ကျန်းမာရေး အသိပညာပေး  အချက်အလက်များ၊ လိုက်နာရမည့်စည်းကမ်းချက်များအား လိုက်လံကြေညာခြင်း နှင့် စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

အောင်အောင်(ပြန်/ဆက်)