ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး Mask Campaign ပြုလုပ်

ကွတ်ခိုင် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့မစည်ပင်သာယာဈေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်း က  Mask Campaign ပြုလုပ်ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် လူသွားလာမှုများပြားသည့်  မြို့မဈေးရှ့ ပြည်ထောင်စုလမ်းမပေါ်၊ မြို့မဈေးအတွင်း ဈေးဝယ်သူများနှင့်ဈေးသည်များ၊  လူသွားလာ ဖြတ်သန်းမှုများသည့် လမ်းမများတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ၊ ကျန်းမာရေးအသိပညာပေးလက်ကမ်း စာစောင်များ ဝေငှခြင်း၊ လမ်းသွား လမ်းလာပြည်သူများနှင့် ဈေးသည်များအား ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ လိုက်လံအသိပညာပေး ပြောကြားသည်။

အဆိုပါ Mask Campaign လှုပ်ရှားမှုတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးပရဟိတအသင်းအဖွဲ့များက ပူးပေါင်း၍ နှာခေါင်းစည်း (၁၂၀၀)ခု၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များကို Hand Speaker ဖြင့် ကြေညာပေးခြင်း၊ ဆောင်းဘောက်(စ်)ဖြင့်ဖွင့်လှစ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုမိုင်း(ပြန်/ဆက်)