ရိခေါ်ဒါရ်၌ ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စံပြကွက် မိုးစပါးစံကွက်ရိတ်သိမ်း

ရိခေါ်ဒါရ် နိုဝင်ဘာ ၂၀

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရိရေကန်အနီးရှိ လယ်မြေ၌ စမ်းသပ်စိုက်ပျိုးထားသည့် ပျိုးသက်နုကောက်ကွက်ကြဲ (SRI) စံပြစိုက်ကွက် စံကွက်ရိတ်သိမ်းခြင်းကို ယမန်‌နေ့က အဆိုပါ လယ်ကွက်၌ ဆောင်ရွက်သည်။

စံပြကွက် စံကွက်ရိတ်သိမ်းခြင်းကို ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလဲန်ဇထန်းနှင့် ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ပျိုးသက်နု ကောက်ကွက်ကြဲ (SRI) စံပြကွက်၌ ဒေသမျိုးမိုးစပါးဖြစ်သည့် ဘုပွီးမိုးစပါးမျိုး (၁)ဧက စိုက်ပျိုးထားခြင်းဖြစ်ပြီး ပျိုးသက် ၁၂ ရက်သားဖြင့် ကောက်ကွက် ၁၀ လက်မ ပတ်လည်ခြား၍ ပျိုးပင်တစ်ပင်ချင်း စိုက်ပျိုးထားခြင်းဖြစ်ပြီး ပင်ပွား ၁၅ ပင် မှ ၂၀ ပင်ကြား ပွားများခဲ့ကြောင်း၊ အဆိုပါ စံပြကွက် စံကွက်ရိတ်သိမ်း ရာတွင် တစ်ဧကအထွက်နှုန်း ၆၈.၆၃ တင်းထွက် ရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)