တီးတိန်မြို့နယ် (On Farm) စပါးစမ်းသပ်ကွက်တွင် အစိုတင်း ၁၀၉ ဒသမ ၇၁ နှုန်းထွက်ရှိ

တီးတိန်    နိုဝင်ဘာ    ၂၀

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနနှင့် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စပါးသီးနှံသုတေသန ဌာနစုတို့ ပူးပေါင်းဆောင်ရွက်သည့် အလားအလာကောင်း၍ အရည်အသွေးကောင်းမွန်သော On Farm စပါး (၁၄)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်ကို ၂၀၂၀ ခုနှစ်၊ မိုးရာသီတွင် တီးတိန်မြို့နယ်၊ ဇိုဇန်(အောက်) ကျေးရွာနေ တောင်သူ ဦးလျန်းဆောမ်းထန် စိုက်ကွက်တွင် ပြုလုပ်ရာ ပျှမ်းမျှစပါးအထွက်နှုန်း အစိုတင်း ၁၀၉ ဒသမ ၇၁ နှုန်း ထွက်ရှိကြောင်း သိရသည်။

အဆိုပါ စမ်းသပ်ကွက်ကို (၅၀ပေ၊ ၃၃ ဒသမ ၃ပေ)ရှိ တစ်ကွက်လျှင် အပင်ပေါင်း ၃၇၅၀ ပင်စမ်းသပ်ကွက် (၁၂)ကွက်နှင့် ဒေသထွက် စပါးမျိုး(၂)ကွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကျေးရွာနေ တောင်သူများမှလည်း စိတ်ဝင်စားစွာလေ့လာလျက်ရှိကြောင်း၊ ထွက်လာသည့် စပါးမျိုးသန့်များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်ဝယ်ယူထားရှိပြီး ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးချိန်တွင် တောင်သူများထံသို့ အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးလျန်းကော့ပ်ဇထပ် ထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)