ဟားခါး နိုဝင်ဘာ ၂၀
ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါး မြို့နယ်အတွင်း ပြည်ပနှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၁၄ ဦးအား ရောဂါပိုး မတွေ့ရှိရသဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
ဟားခါးမြို့ Facility Quarantine ၁၄ရက်ပြည့်သူ ၁၄ ဦးကို Swabနမူနာ(၂)ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ Facility Quarantine ၁၄ ရက်ပြည့်၍ ပြန်လည်စေလွှတ်သူများမှာ ပြည်တွင်းမှ ပြန်လာသူများဖြစ်ကြောင်း၊ Facility Quarantine မှ ပြန်လည်စေလွှတ်ခြင်း ခံရသူများအား တစ်ဦးလျှင် တစ်ရက် ငွေကျပ် (၃၅၀၀) ကျပ်နှုန်းဖြင့် ၁၄ ရက်စာ (၁၄)ဦးအတွက် ငွေကျပ်စုစုပေါင်း ၆၈၆၀၀၀ကျပ် နှင့် ကျန်းမာကြောင်းထောက်ခံစာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး မိမိအိမ်တွင် Home Quarantine ၇ ရက်ထပ်မံနေရန်များကို တာဝန်ရှိသူများက မှာကြားခဲ့ ကြောင်း သိရသည်။
Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် ကိုဗစ်-၁၉ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များနှင့် လူငယ် Volunteer များပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှု ပေးလျက်ရှိကြောင်း၊ Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၁၄ ရက်အတွက် ငွေကျပ် ၄၉,၀၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၅ နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၀ အထက်များအား တစ်ဦးလျှင် ငွေကျပ် ၃၀,၀၀၀ နှုန်း ထောက်ပံ့ပေး လျက်ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)