ကွန်ဟိန်း နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ယာယီပျံကျစျေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းအား ယနေ့ နံနက် ၆ နာရီအချိန် က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ လိုက်နာကြရန်အသိပညာပေးခြင်း၊ ယာယီပျံကျစျေး သို့ လာရောက်ရောင်းချသည့်စျေးသည်များနှင့် စျေးဝယ်သူများအား Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ Mask တပ်ဆင်နည်းများ ပြသပေးခြင်း၊ လက်အိတ်များ ဝတ်ဆင်ပြီး ရောင်းဝယ်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်မှုတွင် ကွန်ဟိန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်သူနာပြုအဆင့် (၁)ဆရာမ ဒေါ်နန်းကြာရွှေ၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ခင်မာအေး၊ Nobel Heart အဖွဲ့ဝင်များနှင့် မေတ္တာဖောင်ဒေးရှင်းအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)