ခိုင်ကမ်း နိုဝင်ဘာ ၂၀
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ သည်မြို့ သန့်ရှင်းသာယာလှပရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ မြို့စည်ပင်သာရေးအဖွဲ့ တာဝန်ခံဦးဆောင်ကာ မြို့ရှိ ဗိုလ်ခိုင်ကမ်းပန်းခြံသန့်ရှင်း သာယာလှပရေးအတွက် နိုဝင်ဘာ ၂၀ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှဆောင်ရွက်ခဲ့သည်။
ခိုင်ကမ်းမြို့တွင် ရပ်ကွက်ကြီးလေးခုရှိပြီး အမှိုက်များကို မြို့ပေါ်ရှိ ကားဝင်ထွက်သွားလာနိုင်သည့် နေအိမ်များအထိ သွားရောက်ကာ တစ်ပတ်လျှင် နှစ်ကြိမ် အလှည့်ကျ သိမ်းဆည်း ဆောင်ရွက်ပေး လျက်ရှိပြီး မြို့ပေါ် သန့်ရှင်းသာယာလှပရေး ပြည်သူများစည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်ခြင်း မပြုကြရေး ရည်ရွယ်ကာ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အဆိုပါအမှိုက်များကိုလည်း သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျ စွန့်ပစ်ပြီး မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းသိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)