ကျီခါး နို၀င်ဘာလ ၂၀
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ လက်ရှိနေထိုင်လျက်ရှိသော မြို့နေလူထုအိမ်ရာဝင်းများ စနစ်တကျရှိစေရေး အတွက် မြို့မြေကွင်းဆင်း တိုင်းတာခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင် ဦးဆောင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျီခါးမြို့၏ လက်ရှိတည်ရှိသော မြေပြင်အနေအထား အသေးစိတ် သိရှိနိုင်ရန်၊ မြို့မြေစီမံခန့်ခွဲမှုများ စနစ်တကျပြုလုပ်ရန်၊ မြို့စီမံခန့်ခွဲမှုပြုလုပ်ရာတွင် ပြောင်းလဲမှု များရှိပါက မြေစာရင်း၊ မြေပုံဖြင့် စနစ်တကျသတ်မှတ်ထားနိုင်ရန်၊ မြို့၏ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြေပုံကိုအခြေခံ၍ စီမံကိန်းများ စနစ်တကျ ရေးဆွဲနိုင်ရန်နှင့် မြို့နေလူထု လက်ရှိနေထိုင်လျက်ရှိသော အိမ်ရာဝင်းများ ခိုင်မာမှုရှိရေးအတွက် ဂရန်များထုတ် ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် တိုင်းတာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါကွင်းဆင်းခြင်း လုပ်ငန်းသို့ ကျီခါးမြို့ အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်၊ ကျီခါးမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူးဦးဟောက်ဆွင့်ကိမ်း၊ ကျီခါးမြို့ စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးဟန်ဆွန်းမုန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)