သာပေါင်း နိုဝင်ဘာ ၂၀
သာပေါင်းမြို့ ဌာနပေါင်းစုံ စုပေါင်းဘုံကထိန် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ့ ၃ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်မှ ၀န်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ကို နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့ရာမှ ယခုနှစ် မြို့တွင်းစီတန်းလှည့်လည်ခြင်းများ မပြုလုပ်တော့ဘဲ ကိုဗစ်-၁၉ ကာကွယ်ထိန်ချုပ်ရေး ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဌာနများမှ ပဒေသာပင်များကို ကျောင်းတိုက်များအရောက် ပို့ဆောင်ဆက်ကပ် လှူဒါန်းနိုင်ရေးတို့ကို သက်ဆိုင်ရာ ဌာနများအလိုက် ဆွေးနွေး ပေါင်းစပ်ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဌာန၀န်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ကို နို၀င်ဘာလ ၂၇ နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်အေးခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ပင့်သံဃာဆရာတော်ကြီးများ ဆွမ်းဆက်ကပ်ခြင်းနှင့် ပဒေသာပင်များ လှူဒါန်း ဆက်ကပ် ပို့ဆောင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း-ပြန်/ဆက်)