ခိုင်ကမ်း နိုဝင်ဘာ ၂၀
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့သည် Coronavirus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာ ရေးဆိုင်ရာ လမ်းညွှန်ချက်များ နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စားသောက်ဆိုင်များ ဈေးဆိုင်များအားလုံးသို့ သွားရောက်ကာ စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။
မြို့အတွင်းရှိ ကုန်စုံဆိုင်များ၊ လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ လမ်းညွှန်ချက်များနှင့်အညီ လက်ဆေးကန် ရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးရောင်း ဈေးဝယ်များ နှာခေါင်းစည်း တပ်ဆင်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ပါဆယ်စနစ်ဖြင့် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ နေရာအကွာအဝေး သတ်မှတ်ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ရောင်းဝယ်မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)