သီပေါ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်စည်၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအောင်ကိုဦးနှင့် တာဝန်ရှိသူများသည် မြို့မစျေးအတွင်းရှိ စျေးရောင်း/စျေးဝယ်သူများ ကိုဗစ်−၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်မှု ရှိ/မရှိကို ယနေ့နံနက်ပိုင်းက မြို့မစျေးတွင် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သီပေါမြို့နယ် မြို့မစျေးရှိ စျေးရောင်းချသူများအား အပိုင်းလိုက် ရက်ခြားဖွင့်လှစ်စေခဲ့ရာ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ၊ နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင်၍ ရောင်းချခြင်း ရှိ/မရှိနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ကိုဗစ်−၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)