မိုင်းလုံမြို့၌ Home Quarantine ထားရှိသူများ၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများရယူ

မိုင်းလုံ နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ Home Quarantine ထားရှိသူ(၉)ဦး၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် များ ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးရန် နိုဝင်ဘာ(၁၈)နေ့က နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများကို မိုင်းလုံမြို့ တိုက်နယ် ကျန်းမားရေးဌာနတွင် ရယူခဲ့ကြောင်း သိရသည်။

Home Quarantine ထားရှိသူများ၏  နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ ရယူရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၁ ဦးမြစိုးနှင့် သားဖွားဆရာမ ဒေါ်နန်းမြဟန် တို့က ရောဂါဖြစ်ပွားရာဒေသဖြစ်သည့် မန္တလေးမြို့မှ ပြန်လာသူ  ကျား(၇)ဦး၊ မ(၂)ဦး စုစုပေါင်း  (၉)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများ ရယူခဲ့ကြောင်းသိရသည်။

အလားတူ       မိုင်းလုံမြို့အဝင် ကျန်းမာရေးဂိတ်တွင် ယနေ့နံနက် (၁၀:၃၀)နာရီအချိန်ခန့် က ရောဂါဖြစ်ပွားရာဒေသဖြစ်သော ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူ  အောက်ရပ်ကွက်နေ (၂)ဦး၊    အလယ်ရပ်ကွက်နေ (၁) ဦး နှင့် လွယ်ခမ်းကျေးရွာနေ (၂)ဦးတို့က စစ်ဆေးရေးဂိတ်တွင် လာရောက်သတင်း‌ပေးပို့ပြီး ၎င်းတို့သည် မိုးကုတ်မြို့တွင် Quarantine(၁၄)ရက် ဝင်ထားပြီး ကိုဗစ်-၁၉ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်များပါရှိသောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ မှ   Home Quarantine (၇) ရက် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)