တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ Case- 62507 ကျန်းမာရေး ကောင်းမွန်သဖြင့် ဆေးရုံမှဆင်း

တီးတိန်  နိုဝင်ဘာ ၂၀

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ စောင့်ကြပ်ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာ Case-62507 သည် ကျန်းမာရေး ကောင်းမွန်သဖြင့် ယမန်နေ့ ညနေပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

၄င်းပိုးတွေ့လူနာသည် တီးတိန် မြို့နယ်၊ ပန့်ဆပ်ကျေးရွာနေ အသက်(၁၈)နှစ်အရွယ် အမျိုးသား ဖြစ်သည်။

တီးတိန်ပြုသူ့ဆေးရုံ၌ ယခု လတ်တလောအချိန်တွင် ပိုးတွေ့အတည်ပြုလူနာ ()ဦး ဆေးကုသမှု ခံယူဆဲဖြစ်ကြောင်း၊ ၄င်းတို့၏ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)