ပြင်ဦးလွင်မြို့မဈေးကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးသုံးပစ္စည်းများ အသုံးပြုခြင်း ရှိ /မရှိ ကွင်းဆင်းစစ်ဆေး

ပြင်ဦးလွင် နိုဝင်ဘာ  ၂၀

ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့မဈေးကြီးအတွင်းရှိ ဈေးရောင်း /ဈေးဝယ်များ Mask များ တပ်ဆင်ခြင်းနှင့် ကျန်းမာရေးနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ / မရှိ ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးထိန်းချုပ်နိုင်ရေးအတွက် ဈေးရောင်း / ဈေးဝယ်များ ဈေးအတွင်းဝင်ရောက်လာစဉ် လက်ကို စင်ကြယ်အောင်ဆေးကြောခြင်း၊ Mask များ စနစ်တကျတပ်ဆင်ခြင်း ရှိ / မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကလည်း ဈေးကြီး အတွင်းရှိ ဈေးဆိုင်ခန်းများ၊ တံခါးလက်ကိုင်များ၊ လှေကားလက်ရန်းများ၊ အဝင်/ အထွက် တံခါးများ၊ အများသုံးလမ်းများ၊ သောက်သုံးရေနှင့် ရေလုံအိမ်သာ စသည့်တို့တွင် ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ယခုလို မြို့၏လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးကြီးအတွင်း ပိုးသတ်ဆေးရည်များ ပတ်ဖြုန်းပေးခြင်း၊ ဈေးဝယ်လာသူများနှင့် ဈေးရောင်းသူ များအနေဖြင့် ဆပ်ပြာရည်ဖြင့် လက်ကိုစင်ကြယ်အောင် ဆေးကြောပြီးမှ ဈေးအတွင်းသို့ ဝင်ရောက်စေခြင်းသည် ရောဂါ ကူးစက်မှုကို  ကြိုတင် ကာကွယ်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဇော်မျိုးထိုက် (ပြင်ဦးလွင်)