မိုင်းတုံ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ Mask တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့မဈေးသို့ ဈေးရောင်း၊ဈေးဝယ်လာသူများ၊ မြို့လယ်ပန်းခြံလမ်းဆုံမှ ဖြတ်သန်းသွားလာသူများနှင့် နောင်ပါရင်ရပ်ကွက်တွင် သွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုယ်ဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်တွင်နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရပါက Mask တပ်ဆင်သွားလာကြရန် အသိပညာပေးပြီး Mask ၉၀၀ ခုကို အခမဲ့ ဖြန်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(ပြန်/ဆက်)