ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေး လက်ဆေးကန်များ ထားပေးလျက်ရှိ

ကျောက်ဆည် မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါကာကွယ်ရေးအတွက် ခရိုင်၊ မြို့နယ်တရားရုံးများနှင့် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတို့တွင် ဝန်ထမ်းများနှင့်အများပြည်သူတို့ အတွက်လက်ဆေးကန်များထားပေးလျက်ရှိကြောင်း သိရသည်။

လက်ဆေးကန်များထားရှိပေးခြင်းနှင့် ပတ်သတ်၍ ကျွန်မအပါအဝင် ဝန်ထမ်းများနှင့် ရုံအတွင်း ဝင်/ထွက် သွားလာနေကျသည့် ပြည်သူများရောဂါပိုးများ မကူးစက်ရလေအောင် ထားပေးရခြင်းဖြစ်ပြီး လူတိုင်းလက်ဆေး ကြစေရန်နှိုးဆော်ပြီး ကျွန်မကိုယ်တိုင်လည်း စံနမူပြ လက်ဆေးခြင်းများကို ဦးဆောင်ပြီး လုပ်ဆောင်နေကြောင်း ခရိုင်တရားသူကြီး ဒေါ်ခင်ဆွေဦးမှ ရှင်းလင်းပြောကြားသည်။

သက်မောင် (ကျောက်ဆည်)