သာပေါင်း နို၀င်ဘာ ၂၀
သာပေါင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ပါ၀င်ကူညီဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာများအား ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ပြည်အေးခန်းမ၌ ဂုဏ်ပြုပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့နိုင်က အဖွင့်ဂုဏ်ပြုစကား ပြောကြားပြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးမြင့်က ကျေးဇူးတင်၀မ်းမြောက် ဂုဏ်ပြုစကား ပြောကြားပြီးနောက်၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ နေ့တွင် ပါ၀င်ကူညီဆောင်ရွက် ပေးကြသူများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ရေခဲမုန့်ဖြင့် တည်ခင်း ဧည့်ခံခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)