မအူပင်မြို့တွင် နေအိမ်ပြင်ပသို့ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရန် လှုံ့ဆော်ခြင်းနှင့် နှာခေါင်းစည်းများဖြန့်ဝေ

မအူပင် နိုဝင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် နေအိမ်ပြင်ပသို့ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရန်အတွက် မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတာဝန်ခံ ဒေါက်တာခင်မာစိုးနှင့် ဒေါက်တာ ဇော်ဝင်းလှိုင်တို့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းသော မြို့နယ် ကို-၁၉ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအဖွဲ့က လူစည်ကားရာနေရာများတွင် နှာခေါင်းစည်း Mask များနှင့် မျက်နှာကာ Face shield များ တပ်ဆင်ကြရန် နိုးဆော်ခြင်း၊ ဖြန့်ဝေခြင်းဆောင်ရွက်သည်။

​ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် မလိုအပ်ဘဲနေအိမ်ပြင်ပသို့ မထွက်ရန်နှင့် လိုအပ်ချက်အရ အပြင်ထွက်ပါက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာနေထိုင်ကြခြင်းဖြင့် မိမိကစ၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက နှိုးဆော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။။

အောင်ခိုင် ၊ (မအူပင်)