ဆီဆိုင် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ရှိ ယစ်မျိုးဆိုင်များအား သတ်မှတ်လိုင်စင်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ယနေ့နေ့လည်ပိုင်း က တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော် ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေ၊ ဒုတိယဦးစီးမှူး ဦးကျော်ဇင်ထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးထန်ဒေါင့်တွန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဆီဆိုင်မြို့ပေါ်ရှိ လက်လီ/လက်ကား ယစ်မျိုးအရောင်းဆိုင်များအား သတ်မှတ်လိုင်စင် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိနှင့် လိုင်စင်စီများသို့ သတ်မှတ်ချက်များ နှင့်အညီ ရောင်းချစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)