မအူပင် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ ၂၅ ရွာအား လုပ်ငန်းဆောင်ရွက်ရန်တင်ပြထားသည့် လိုအပ်ချက်များ ဆောင်ရွက်နိုင်ရန် ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းစိုးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူ များက မအူပင်မြို့နယ် မင်းဘောကျေးရွာအုပ်စု၊ မင်းဘောကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာ အုပ်စု ညောင်ဝိုင်းကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း တင်ပြထားမှုအပေါ် ဒေသခံ ကျေးရွာ ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ဆွေးနွေးကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)