ဖျာပုံ နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ စျေးဆိုင်များအား စားသောက်ကုန်ပစ္စည်းများနှင့်ဆေးဝါးများ စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချမှု မဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စျေးများအား လိုက်လံကွင်းဆင်း စစ်ဆေး ဆောင်ရွက်ကြသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ စားသုံးကုန်ပစ္စည်းများစသော ကုန်ပစ္စည်းများအား စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းကို တားမြစ်သည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ ညွှန်ကြားချက်များကို လိုက်နာမှု ရှိ/မရှိ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့ဖြင့် ဖျာပုံမြို့ပထမလမ်း၊ ဒုတိယလမ်းနှင့် မြို့မစျေးရုံကြီးအတွင်း ရောင်းချ လျက်ရှိကြသော ဆေးဝါးပစ္စည်း အရောင်းဆိုင်များနှင့် Mask နှင့် Face Shield၊ Hand Gel အရောင်းဆိုင်များ၊ ကျန်းမာရေးဆိုင်ရာ တစ်ကိုယ်ရည်သုံးပစ္စည်း အရောင်းဆိုင်များနှင့် ဆိပ်ကမ်းသာစျေး အခြေခံစားကုန် အရောင်းဆိုင် များအား စျေးနှုန်း မှန်ကန်စေရေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် အဆိုပါပူးပေါင်းအဖွဲ့တို့မှ ရှောင်တခင် ကွင်းဆင်း စစ်ဆေးကြကြောင်း သိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)