၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေး ကော်မတီများ ပထမကြိမ် အစည်းအဝေးကျင်းပ

ခိုင်ကမ်း  ဇန်နဝါရီ  ၈

တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင်  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကော်မတီဝင်များ ပထမအကြိမ် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင်    ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် ချင်းအမျိုးသားနေ့တွင်  ပျော်ပွဲရွှင်ပွဲများသာမဟုတ်ဘဲ ချင်းအမျိုးသားတို့၏ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်ရေးနှင့် ရိုးရာဓလေ့ထုံးစံအမွေအနှစ်များ လက်ဆင့်ကမ်းထိမ်းသိန်းနိုင်မည့် ပြခန်း၊ ပြပွဲများ အားကစားပြိုင်ပွဲများ ပညာရေးနှင့်ပတ်သက်သည့် စာစီစာကုံးပြိုင်ပွဲများ စသဖြင့်  ကလေးလူကြီးမရွေး ပါဝင်ယှဉ်ပြိုင်နိုင်မည့် အခွင့်အရေးများပါ ထည့်သွင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ဝုန်လွန်းညောင်