ကျောက်တလုံးကြီး နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ နောင်ဖက်ပုန်းကျေးရွာတွင် CERP) အစီအစဉ်ဖြင့် တောင်သူ ဦးတညာ စိုက်ပျိုးထားသော မိုးစပါး (Rs to cs) မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်စံကွက် (၂)ဧကတွင်ရိတ်သိမ်းမည့် အနှံပါပင်ပွား၊ တစ်နှံပါအောင်စေ့၊ စပါးအစို ဓာတ်တိုင်းတာခြင်း၊ အလေးချိန်စသည့်စံနှုန်း တိုင်းတာခြင်းနှင့် ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမိုးစပါးမျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းရာတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးငြိမ်းထွန်း၊ တောင်ကြီးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဦးလှငြိမ်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဦးစီးအရာရှိ ဦးဆွေတင်သန်း၊ ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်မြင့်နှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးစိုးမိုးထိုက် တို့က ကျောက်တလုံးကြီးမြို့ (CERP)အစီအစဉ်ဖြင့် ရွှေရင်အေးမိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးထားသော နောင်ဖက်ပုန်းကျေးရွာ တောင်သူဦးတညာတို့နှင့်ပူးပေါင်၍ ၆ပေ၆လက်မပတ်လည်နှင့် ၆၆ ပေ ပတ်လည် မိုးစပါးများ ရိတ်သိမ်းရာတွင် စပါးတင်းအစိုတစ်ဧကလျှင် (၁၃၂)တင်းနှင့် စပါးတင်းအခြောက် တစ်ဧကလျှင် (၁၂၂)တင်း ထွက်ရှိကြောင်း ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာန မှ သိရသည်။
မြဝင်း(ပြန်/ဆက်)