မိုင်းဖြတ် နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသက်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ယနေ့နံနက် (၁၀)နာရီအချိန်ခန့် က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အတွင်းရေးမှူး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်မျိုးဇော်နှင့် ကော်မတီဝင်များ၊ မြို့နယ် စဉ်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်းနှင့် တာဝန်ရှိသူများ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ရောင်းချလျက် ရှိသော စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့သည်။
မိုင်းဖြတ်မြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များကို ဆိုင်ထိုင်၍စားသောက်ခြင်း (Take-away) စနစ်ဖြင့်သာရောင်းချရန် ညွှန်ကြားထားပြီး ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ စံသက်မှတ်ချက်နှင့်ကိုက်ညီပြီး (A)အဆင့် သတ်မှတ်ခြင်းခံရသည့် စားသောက်ဆိုင်၊ လ္ဘက်ရည် ဆိုင် များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအကုန်တွင် ပြန်လည်ဖွင့်လှစ်ရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)