ဟားခါး နိုဝင်ဘာ ၂၀
ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို နိုဝင်ဘာ ၂၀ ရက်နေ့က ဟားခါးမြို့ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင် အလှူငွေကျပ် (၁၂၂,၀၀၀)ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လည်းကောင်း၊ အလှူငွေကျပ် (၁၅၀,၀၀၀)ကို မြို့နယ်စာရင်းရုံးမှ လည်းကောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အတွက် ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်း နိုင်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)