တွန်းဇံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

တွန်းဇံ          နိုဝင်ဘာ                  ၂၀

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်အတွင်းရှိလူသွားလူလာများပြားသည့် လမ်းဆုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၇)နာရီအချိန်မှစ၍ Mask Campaign ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးများ၊ ဈေးဝယ်သူများနှင့်ဈေးသည်များ လမ်းသွားလမ်းလာ ဖြတ်သန်းမှုများသည့် လမ်းများတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များအခမဲ့ဝေငှခြင်းနှင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များသိရှိလိုက်နာစေရေး အသိပညာပေးပြောကြားသည်။ အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ၊ အရပ်ဘက်အသင်းအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လျက် Mask (၅၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ဝေဖြိုး(ဇလပ်မြေ)