ခိုင်ကမ်းမြို့ ရပ်ကွက်များတွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ နှာခေါင်းစည်း(Mask)များဝေငှပေး

ခိုင်ကမ်း         နိုဝင်ဘာ   ၂၀

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ရှိအမှတ်(၁၊ ၂၊ ၃၊ ၄)ရပ်ကွက် များတွင် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်း(Mask)များ ဝေငှပေးခဲ့ ကြောင်းသိရသည်။

ခိုင်ကမ်းမြို့သည် ကလေးမြို့မှ ချင်းပြည်နယ်အဝင်မြို့ဖြစ်ကာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးသည့် မြို့ဖြစ်သည့်အတွက် ခိုင်ကမ်းမြို့ နေမိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကိုသိရှိရုံမက လိုက်နာ၍ ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ်မှုလုပ်ငန်းများကို မိဘပြည်သူများအနေနှင့် ပူးပေါင်းကာ အလေးထားလိုက်နာနိုင်ရန် ရည်ရွယ်၍ ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်း(Mask)များကို ဝေငှခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာ ရှိဦးယောအောင် ဦးဆောင်ကာ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့မီးသတ်တပ်ဖွဲ့ရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့မှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)