"လားရှိုးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP အရှေ့ မိုးစပါး( Rs to Cs) မျိုးစေ့ထုတ် စိုက်ခင်းတွင် မိုးစပါး စံကွက်ရိတ်သိမ်းပွဲ အခမ်းအနား" ကျင်းပ

လားရှိုး နိုဝင်ဘာ  ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာ၊ တောင်သူ ဦးထွန်းလူ၏ လယ်မြေတွင် ယမန်နေ့ နံနက်ပိုင်း(၉)နာရီအချိန်က(CERP)အစီအစဉ်အရ (Rs-Cs) မျိုးစေ့ထုတ် စိုက်ကွင်းတွင် ရိတ်သိမ်းချွေလှေ့စက်( Combine Harvester)ဖြင့် (၀.၁၀)ဧက စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက အစို(၁၂၈)တင်း၊ အခြောက်(၁၁၉.၃၂)ထွက်ရှိခဲ့ပြီး  အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်ဇော်၊ စက်မှုလယ်ယာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဝင်းပြုံး၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းထင်စိုး၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရာဇာမျိုးသန့်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးဝင်းနိုင်ထွေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ဟန်ဌေး(လားရှိုး)