ကျောက်ပန်းတောင်း နိုဝင်ဘာ ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Centre တွင်စောင့်ကြည့်ထားရှိသူ(၁၅၃)ဦးအနက် RDT Test Kit ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ဒုတိယအကြိမ် Swab နမူနာယူရန် ကျန်ရှိသူ (၃၅)ဦးကို နိုဝင်ဘာ(၁၉)ရက်နေ့တွင် Swab နမူနာများရယူစစ်ဆေးခဲ့ပြီး နိုဝင်ဘာ(၂၀)ရက်နေ့တွင် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲ နမူနာဌာ န(မန္တလေး)သို့ ပို့ဆောင်စစ်ဆေးခဲ့ရာ၊ (၆)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ပိုးတွေ့လူနာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာ ယာမြို့နယ်မှ ပြန်လည် ရောက်ရှိလာသည့် ဒီးဒုတ်ကုန်း ကျေးရွာအုပ်စု၊ သုံးအိမ်ကုန်းကျေးရွာနေသူ အမျိုးသမီး(၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှပြန်လည်ရောက်ရှိလာသူ ဒီးဒုတ်ကုန်းကျေးရွာအုပ်စု၊ ချောင်းခြားရွာနေ အမျိုးသမီး(၁)ဦး၊ ကမာရွတ်မြို့နယ်မှ ပြန်လည်ရောက်ရှိလာသူ အင်တိုင်း ကျေးရွာအုပ်စု၊ အင်တိုင်းအနောက်ရွာနေ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၁)ဦး၊ စုစုပေါင်း(၆)ဦး ဖြစ်ပြီး ၎င်းပိုးတွေ့လူနာ(၆)ဦးအား ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူစေ၍ ၎င်းတို့နှင့်ထိတွေ့ဆက်စပ်မှုရှိခဲ့သူများကို စုံစမ်းဖော်ထုတ်ပြီး GTI Quarantine Centre သို့ ထားရှိစောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)