ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အရှေ့ကုန်းကွင်းတွင် စိုက်ပျိုးထားသော မိုးစပါးစံကွက် ရိတ်သိမ်း

ပလောက်   နိုဝင်ဘာ  ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အရှေ့ကုန်းကွင်းတွင် စိုက်ပျိုးထားသော မိုးစပါးပေါ်ဆန်းရင်မျိုး စိုက်ခင်းကွင်းအမှတ်(၇.ခ)၊ ဦးပိုင်အမှတ် (၁၀၉)၊ ဧရိယာ(၇) ဧကရှိ တောင်သူ ဦးချမ်းမွန်၏ လယ်မြေတွင်ယမန်နေ့ ညနေပိုင်းက စံကွက်ရိတ်သိမ်းခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ ပလောက်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးသက်လွင်နှင့်ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖနှင့်တောင်သူတို့က စိုက်ပျိုးထားသော မိုးစပါး ပေါ်ဆန်းရင်မျိုး စိုက်ခင်းစံကွက်ရိတ်သိမ်းခြင်းများဆောင်ရွက်ရာတွင် မိုးစပါး ပေါ်ဆန်း ရင်မျိုး အမျိုးအစား ဧရိယာ(၇) ဧက၌ ထွက်နှုန်း  (၆၇) တင်းနှုန်းထွက်ရှိကြောင်းကို စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းထံမှ သိရှိရသည်။

နှင်းမြူလွင်  (ပလောက်)