သံတောင်ကြီးမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အထိမ်းအမှတ်နေ့ ကျင်းပ

သံတောင်ကြီး နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့က (၃၁)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး ဆိုင်ရာသဘော တူစာချုပ်အထိန်းအမှတ်နေ့ကို ယမန်နေ့နံနက်(၁၀)နာရီအချိန် က တောင်ကြီးမြို့၊ရပ်ကွက် (၅) ဘုရားကျောင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။

‌ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးဟန်ထူးဇန်က ကလေး များသည် အနာဂတ်သားကောင်းရတနာများဖြစ်စေရန်၊ နိုင်ငံ၏ မျော်လင့်ချက်ရောင်ခြည်ဖြစ် သည့်အတွက် ငယ်ရွယ်စဉ်မှစပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်းပြောကြားခဲ့ပြီး ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မြို့နယ်တာဝန်ခံ ဒေါ်နော်အယ်ဖောက ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်အနာဂတ်ကြယ်ပွင့်ကလေးများအဖွဲ့က ရှင်ဖွဲ့ကာပါနှင့် ပတ်သက်ပြီး တေးသရုပ် ဖော်များဖြင့် ကပြတင်ဆက်ခြင်း၊ တေးသီချင်းများသီဆိုခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)